Events
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တရား၀င်စတင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပြည်တောင်စုဝန်ကြီးတက်ရောက် ဖွင့်လှစ်အမှာစကားပြောကြား
Updated At: 2020-12-15 21:32:46
မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တရား၀င်စတင်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ပြည်တောင်စုဝန်ကြီးတက်ရောက် ဖွင့်လှစ်အမှာစကားပြောကြား
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၄ ရက်နေ့(တနင်္လာနေ့) နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း( Myanmar Trade and Investment Porject - TIP) တရား၀င်စတင်ခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါ စီမံကိန်းကို မြန်မာနိုင်ငံတွင် ကုန်သွယ်မှုယှဉ်ပြိုင်နှိုင်မှုနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(UK Department for International Development - DFID) ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်ဗဟိုဌာန ( International Trade Center - ITC) ၏ နည်းပညာ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍအချိုးကျ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ကျသည်ကို တွေ့ရမှာဖြစ်ကြောင်း နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် ၅ နှစ်တာကာလ ပြီးဆုံးတော့မှာဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ စတင်မည့် စီမံချက်မှာ အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (Myanmar Trade and Investment Project- TIP) ကို ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID ) မှ ကိုယ်စားလှယ် Mr. Tom Coward၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးတို့မှ အသီးသီးပြောကြားကြပါသည်။
ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် International Trade Centre – ITC မှ အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez တို့က စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီမှုမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့် အသင်းအဖွဲ့များမှ တာ၀န်ရှိသူများ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန အမှုဆောင်ဒါရိုက်တာ Ms. Arancha Gonzalez နှင့် ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်မျာ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026